သင့်ရဲ့ မီဒီယာလုပ်ငန်းအပေါ် Covid-19 အကျပ်အတည်း သက်ရောက်မှု နည်းအောင် ဘယ်လိုလုပ်မလဲ

ကမ္ဘာအနှံ့ရှိ မီဒီယာစီးပွားရေးတိုင်းဟာ ကိုရိုနာဗိုင်းရပ်ရဲ့ ခြိမ်းခြောက်မှုကို ခံနေရပါသည်။ ကျန်းမာရေး အန္တရာယ်ကြောင့် သတင်းထောက်တွေဟာ စီးပွားရေးသမားတွေရဲ့ ပွဲတွေကို သွားရောက်သတင်းယူ တာတွေရပ်တန့်သွားသလို စီးပွားရေးလုပ်ငန်းရှင်တွေကလဲ သတင်းတွေမှာ ကြော်ငြာတွေမထည့်ဖို့ ဆုံးဖြတ်ချက်ချတဲ့ အထိဖြစ်လာပါသည်။

ဤကဲ့သို့ အချိန်မျိုးတွင် မီဒီယာမန်နေဂျာများ၊ အယ်ဒီတာများနှင့် ပိုင်ရှင်များသည် သူတို့တည်ဆောက်ခဲ့ တဲ့ စီးပွားရေးအုတ်မြစ်ပျက်စီးခြင်းနှင့် ပတ်သက်ပြီး ဘာမှလုပ်နိုင်စွမ်းမရှိသလို ခံစားနေကြရသည်။ လုပ်ငန်းရှင်တွေက သူတို့ကုန်ပစ္စည်း အမှတ်တံဆိပ် ကြော်ငြာတွေကို Webinar နဲ့ တိုက်ရိုက်ထုတ်လွှင့် တာတွေကို ကျွန်ုပ်တို့ ီမှာ ကြော်ငြာထည့်ခြင်းနဲ့ အစားမထိုးချင်တဲ့ အချိန်မှာ သတင်းအလုပ် အမှု ဆောင်များသည် သူတို့ရင်ဆိုင်နေရသော ဆုံးရှုံးမှုများကို ကန့်သတ်ရန်နှင့် ၎င်းတို့၏ စီးပွားရေး ဆုံးဖြတ် ချက်တွေကို လမ်းညွှန်ပေးရန် ခြေလှမ်းများရှိသည်။

ဤအကြံပြုချက်များကို MDIF ရဲ့ စီးပွားရေးမိတ်ဖက် (Clients)များ၊ သတင်းလွတ်လပ်ခွင့် ခြိမ်း ခြောက်ခံနေရတဲ့ နိုင်ငံတွေ ဖြစ်တဲ့ ဂွာတီမာလာ၊ တောင်အာဖရိက နှင့် အင်ဒိုနီးရှားကဲ့သို့သော နိုင်ငံများ နှင့် ကမ္ဘာပေါ်ရှိ နိုင်ငံအများစုမှ မီဒီယာ အဖွဲ့အစည်းအများစုအတွက် ရည်ရွယ် ဖန်တီးထား တာဖြစ်ပါ သည်။

ကုန်ကျစရိတ်လျော့ချခြင်း၊ ငွေစုဆောင်းခြင်း

  • သင်၏ စီးပွားရေးပုံစံနှင့် ဘဏ္ဍာရေးဆိုင်ရာ ခန့်မှန်းတွက်ချက်မှုများကို ပြိုကွဲစေမည့် အကျပ်အ တည်းကို ကျော်လွှားနိုင်ရန်အတွက် ငွေသားရံပုံငွေကို တည်ဆောက်ပြီး စီမံခန့်ခွဲပါ။
  • တိကျသော ငွေသားစီးဆင်းမှုစီမံခန့်ခွဲမှုအတွက် ကူညီနိုင်ရန် သင်၏ အဓိကစီမံခန့်ခွဲမှုအဖွဲ့နှင့် အမြဲတမ်းအစည်းအဝေးများ ပြုလုပ်ရန် စီစဉ်ပါ။
  • သင်၏စီးပွားရေး အားနည်းချက်များကို အမျိုးမျိုး ပြန်လည်သုံးသပ်ပါ။ သင်၏ ဝင်ငွေစီမံချက် များကိုလျှော့ချပါ။ (ကြားကာလ ၁၀% မှ ၅၀% လျှော့ချနိုင်သည်။) သင်၏ အဓိက စီးပွား ရေးလုပ်ငန်းအပေါ်သက်ရောက်မှုကို တိုးချဲ့ပါ (၃လမှ ၁၈လကြားကာလ). စီးပွားရေး အကျ ဘက်သို့ ဆင်းခြင်းဟာ ၁၈လတာဝင်ငွေရဲ့ ၅၀% ကို လျော့နည်းစေသည်။ သို့သော်အဆိုးဆုံး အခြေအနေ မဟုတ်ပါ။
  • Packages များ၊ မက်လုံးများ၊ အထူးလျှော့ဈေးများနှင့်/သို့မဟုတ် ကြိုတင်ငွေပေးချေမှုများက တဆင့် ဝင်ငွေအမြန်နှုန်းကိုမြှင့်ပါ။
  • အကောင့်များ ရရန်စီမံခြင်း၊ တင်းကြပ်သောမူဝါဒများနှင့်/သို့မဟုတ် မက်လုံးများ၊ လျော့ဈေး များမှ တဆင့် ဖြစ်နိုင်ခြေရှိသော ဖောက်သည်များဆီမှ တတ်နိုင်သမျှ ဝင်ငွေရအောင် စုဆောင်း ပါ။
  • သင်၏ထုတ်ကုန်၊ ပရိတ်သပ်တွေနှင့် ဖောက်သည်များ၏ လိုအပ်ချက်နှင့် ကိုက်ညီနေချိန်တွင် စီးပွားရေးလုပ်ငန်း၏ ထုတ်ကုန်စွမ်းအားကို ထိန်းသိမ်းနိုင်မည့် ကုန်ကျစရိတ်လျော့ချရေး နည်းဗျူ ဟာများကိုလုပ်ဆောင်ပါ။ ငွေစုဆောင်းရန်အတွက် လုပ်ငန်းလည်ပတ်မှု ကုန်ကျစရိတ် လျော့ချ ခြင်းသည် သင်၏လုပ်ငန်း ရှင်သန်ရပ်တည်ရေးအတွက် အရေးကြီးသည်။
  • သွင်းကုန် ကုန်ကျစရိတ်များ (ထောက်ပံ့ရေးပစ္စည်းများ၊ ကုန်ကြမ်းများ၊ အလုပ်သမားများ စသဖြင့်)၊ ကြိုတင်ဝယ်ယူရမည့်ပစ္စည်းများကိုတတ်နိုင်သမျှ လျော့ဈေးဖြင့် ဝယ်ယူပါ။
  • ငှားရမ်းခအားလုံးကိုရွှေ့ဆိုင်းပါ။ ဖြစ်နိုင်လျှင်ဝန်ထမ်းများကိုလျှော့ချပါ။ (အချို့သောဝန် ထမ်း များအနေဖြင့် ၄င်းတို့၏ အိမ်တွင်ကလေးများအားစောင့်ရှောက်ရင်း အချိန်ပိုင်းလုပ်နိုင်ရန် အခွင့် အလမ်းဖြစ်နိုင်သည်)။ဤကဲ့သို့ခက်ခဲသောအချိန်တွင် ဝန်ထမ်းများကိုလျှော့ချမည့်အစား ယာယီ လစာလျှော့ချခြင်းကိုစဥ်းစားပါ။
  • သင်၏ဝန်ထမ်းနှင့် ပရိတ်သပ်များ၏ လိုအပ်ချက်ကို ဖြည့်ဆည်းရန် ဌာနတွင်း အကျပ်အတည်း အတွင်း အလုပ်များ အဆင်ပြေ ချောမွေ့စေရန် စီစဉ်ပြီး အကောင်အထည်ဖော်ပါ။ အခွင့်အလမ်း များကို ရှာဖွေပါ။
  • ခက်ခဲသောဆုံးဖြတ်ချက်များချရန် လိုအပ်သည့်အချိန်တွင် တိကျမှန်ကန်ပြီး ခေတ်မှီသော financial နှင့် စာရင်းကိုင်မှတ်တမ်းကိုထိန်းသိမ်းပါ။

အကြောင်းအရာသည် အဓိကဖြစ်နေဆဲ

  • ယုံကြည်စိတ်ချရတဲ့ သတင်းအချက်အလက်တွေ အများဆုံး လိုအပ်နေချိန်တွင် သင့်ရဲ့အဓိက ပရိတ်သပ်တွေ တိုးပွားလာအောင် ဂရုစိုက်ရမယ့် အချိန်ဖြစ်သည်။ သင်၏ ရပ်ရွာအတွက် သတင်း ပေးပို့ရတဲ့ ဝန်ဆောင်မှုသည် ခက်ခဲသောအလုပ်ဖြစ်သည်။ ထိုအတွက် နေ့စဉ် စည်း မျဉ်း စည်းကမ်းများနဲ့ စနစ်တကျ အာရုံစိုက်လုပ်ရန် အရေးကြီးသည်။
  • လူတိုင်းရဲ့နေ့စဉ်ဘဝတွေနဲ့ ပတ်သက်တဲ့ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအကြောင်း အချက်အ လက်များနှင့် ပတ်သက်ပြီး သင့်ရဲ့ ပရိသတ်သိချင်သည့် အကြောင်းအရာများကို စောလျင်စွာ ပေးနိုင်ဖို့ ကြိုးစားပါ။
  • အွန်လိုင်းကို စုပြုံအသုံးပြုမှု ရှိလာနိုင်ခြင်းအတွက်လဲ ပြင်ဆင်ထားပါ။ သင့်ရဲ့ အင်တာနက်စနစ် Bandwidth က လုံလောက်ပါပြီလား။
  • အကြောင်းအရာများ ပေးပို့ခြင်း နှင့် SEO နှင့် စေ့စပ်သေချာစွာ ဂရုစိုက်ခြင်း၊ စေ့စပ်ညှိနှိုင်းခြင်း ကဲ့သို့သော ဌာနတွင်း အကျိုးသက်ရောက်မှုများသည် အကန့်အသတ် ရှိနိုင်သည်။
  • သင်၏ အဓိက ပိုင်ဆိုင်မှုများ၏ အားသာချက်နှင့် လုံခြုံမှုကို ပေးသော မိတ်ဖက်များကို စဉ်းစား သုံးသပ်ပါ။ ဤအချိန်သည် သင်၏အကောင်းဆုံးစီးပွားရေး မိတ်ဖက်များနှင့် စစ်မှန်သော မိတ် ဖက်ဖြစ်လာနိုင်မည့်အကောင်းဆုံးအချိန်ဖြစ်သည်။

သင်၏အဖွဲ့သည် ကိုယ်ခံစွမ်းအားမရှိပါ

  • ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါသည် သင်၏အဖွဲ့အပေါ် မည်သို့သက်ရောက်မှုရှိမည်ကို ကြိုတင် စီစဉ်ထားပါ။
  • အန္တရာယ်ရှိသောဝန်ထမ်းများ (အသက်၅၀ကျော်၊ ကိုယ်ခံစွမ်းအားနည်းသူ၊ ရောဂါအခံရှိသူ စသဖြင့်) ကို အိမ်မှအလုပ်လုပ်စေခြင်း၊ လုံခြုံတဲ့နေရာမှ အလုပ်လုပ်စေခြင်းများကို ချက်ချင်း လုပ်ရန်လိုအပ်သည်။ သင်၏ အကြီးတန်းစီမံခန့်ခွဲမှုအဖွဲ့နှင့် သတင်းသမားများသည် အန္တရာယ် အများဆုံး ဖြစ်နိုင်သည်။
  • သင်၏ဝန်ထမ်များအား quarantine လုပ်ခံရနိုင်သလို ဒီထက်လဲ ပိုဆိုးသွားနိုင်သည်။ ထို့ကြောင့် သတင်းထောက်များနှင့် အခြားဝန်ထမ်းမျာကို မရှိမဖြစ်လိုအပ်သော နည်းပညာ ဆိုင်ရာ ကိစ္စများကို မည်ကဲ့သို့ ကိုင်တွယ်လုပ်ဆောင်ရမည်ကို လေ့ကျင့်ပေးထားပါ။
  • ဝန်ထမ်းများကို အိမ်မှ အလုပ်လုပ်ခြင်းနှင့် အလုပ်ခွင်အတွင်း အလုပ်လုပ်ခြင်းကို အလှည့်ကျ သတ်မှတ်ပေးပါ။ အကယ်၍ လုပ်ငန်းခွင်အတွင်းရှိ လူတစ်ဦးအား ရောဂါကူးစက်ခံရပါက ထိုနေရာရှိ လူအားလုံးကို quarantine လုပ်ရန်လိုအပ်သည်။ ထိုအချိန်တွင် အိမ်တွင် ရှိနေသော အဖွဲ့အား အလုပ်လုပ်ရန် အဆင့်သင့်ပြင်ခိုင်းပါ။ လုပ်ငန်းခွင်အတွင်း ပိုးသတ်ပြီးပါက အိမ်တွင် ရှိသောအဖွဲ့အား အလုပ်ဆင်းခိုင်းပါ။

ပြီးခဲ့သည့် ဘဏ္ဍာရေးအကျပ်အတည်းကာလအတွင်း မီဒီယာကို ထောက်ပံ့ပေးခြင်းမှ ရရှိခဲ့သည့် ကျွန်ုပ်၏ အတွေ့အကြုံအရ အထက်ပါ လုပ်ဆောင်ချက်တွေထဲမှ တခုကို ရွေးခိုင်းမည်ဆိုလျှင် ယခုအချိန်တွင် အရေးကြီးဆုံးမှာ ငွေစုဆောင်းခြင်းကို အာရုံစိုက်ခြင်းဖြစ်ပြီး ကြားခံများကို အတတ်နိုင်ဆုံးတည်ဆောက်ရန်နှင့် ကြော်ငြာများကျဆင်းပြီး ဝင်ငွေကျဆင်းလာခြင်းကို ချုံ့၍ ရသည်များကိုချုံ့ခြင်းဖြင့်စတင်လုပ်ဆောင်မည်ဖြစ်သည်။

ဤအကြံပြုချက်များကိုသာ လိုက်နာခြင်းဖြင့် သင်၏စီးပွားရေးသည် ဤအကျပ်အတည်း ကာလအတွင်း ဆက်လက်၍ရပ်တည်နိုင်မည် ဟုတ်မဟုတ်ကို မသေချာသော်လည်း ဆက်လက်၍ ရပ်တည်နိုင်ခြင်းတော့ ရှိနိုင်ပါသည်။