လူထုအကျိုးပြုအသိပေးကြေညာချက်များ (PSA) သည် အရေးပေါ်ကာလမျိုးတွင် ကြော်ငြာရှင်များ ချန်လှပ်ထားခဲ့သည့် ကွက်လပ်ကို ဖြည့်စွက်ပေးနိုင်ပါသည်။ PSA များသည် ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာ တန်ဖိုးရှိသောသတင်းစကားများကို ပရိတ်သတ်များ တွေ့မြင်ကြားသိစေသည့်အပြင် စီးပွားရေးမတည်မငြိမ်ဖြစ်နေချိန်တွင် မီဒီယာများရှင်သန်ရပ်တည်နိုင်ရန် အထောက်အကူပြုပါသည်။ ကပ်ရောဂါစတင်ဖြစ်ပွားချိန်မှအစပြု၍ MDIF နှင့် မြန်မာနိုင်ငံရှိ ၎င်း၏ မိတ်ဖက်မီဒီယာများက သတင်းစကားများကို ပြည်သူ ၂၆ သန်းခန့်အထိ အရောက်ပို့ဆောင်ပေးနိုင်ခဲ့ပြီး ဖြစ်ပါသည်။…
